Story

၁။ အမည်

အသင်းကို မြန်မာနိုင်ငံဗိသုကာအသင်းဟူ၍လည်းကောင်း၊ အင်္ဂလိပ်ဘာသာဖြင့် Association of Myanmar Architects (အတိုကောက် AMA) ဟူ၍လည်းကောင်း ခေါ်တွင်ပါသည်။

၂။ ဖွဲ့စည်းခြင်း

မြန်မာနိုင်ငံဗိသုကာအသင်းကို ၂၁ ရက်ဇွန်လ ၂၀၀၁ ခုနှစ်မှစတင်၍ ပြည်ထဲရေးဝန်ကြီးဌာန၊ အသင်းအဖွဲ့များ မှတ်ပုံတင်ဌာနတွင် ဆက်လက်မှတ်ပုံတင်ထားရှိဆဲဖြစ်ပါသည်။

၃။ ပြဌာန်းဥပဒေများကို လိုက်နာခြင်း

မြန်မာနိုင်ငံဗိသုကာအသင်းသည် နိုင်ငံတော်တည်ဆဲဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများ သတ်မှတ်ချက်များနှင့်အညီ ခွင့်ပြုထားသည့် လုပ်ငန်းများကို ဆောင်ရွက်၍ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ချမှတ် ပြဌာန်းထားသော မြန်မာနိုင်ငံဗိသုကာကောင်စီ ဥပဒေအောက်တွင် လိုက်နာဆောင်ရွက်ပါသည်။

၄။ ရည်ရွယ်ချက်များ

(က) ဗိသုကာပညာရပ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အားပေးဆောင်ရွက်ရန်။

(ခ) ဗိသုကာပညာရပ်ဆိုင်ရာ စာပေများ၊ သုတေသနတွေ့ရှိချက်များ လုပ်ငန်းခွင်မှတ်တမ်းများကို စုဆောင်းထိန်းသိမ်းရေးနှင့် ပြန့်ပွားရေးတို့အတွက် ဆောင်ရွက်ရန်။

(ဂ) မြန်မာဗိသုကာများနှင့် နိုင်ငံတကာတို့ ဗိသုကာပညာရပ် ခေတ်မီတိုးတက်ဖွံ့ဖြိုးရေးအတွက် အပြန်အလှန်ဆက်သွယ်ခြင်း၊ အသိအမှတ်ပြုခြင်း၊ ပူးပေါင်းခြင်း စသည်တို့ဆောင်ရွက်ရန်။

(ဃ) ဗိသုကာပညာရပ်၏ အဆင့်အတန်းနှင့် ဂုဏ်သိက္ခာ ထိန်းသိမ်းမြှင့်တင်ရန်နှင့် ဗိသုကာပညာရှင်များအနေဖြင့် မိမိတို့၏ တာဝန်ဝတ္တရား ( Duties and Responsibilites)နှင့် စောင့်ထိန်းရမည့် ပညာရှင်ကျင့်ဝတ် (Professioal Ethics) တို့ကိုကောင်းစွာ သိနားလည်အောင် ပြုလုပ်ပေးရန်။

(င) ဗိသုကာပညာရှင်အချင်းချင်း ညီညာစုစည်းမှုရှိစေရန်။

(စ) အသင်းဝင်များကို အခါအားလျော်စွာ အသင်းဝင်အဆင့်၊ အမျိုးအစားသတ်မှတ်ချီးမြှင့်ရန်။

(ဆ) မြန်မာနိုင်ငံဗိသုကာကောင်စီ လုပ်ငန်းများအား ပါဝင်ဆောင်ရွက်ခြင်း၊

(ဇ) ဗိသုကာအသင်းက နိုင်ငံတော်အတွက် လိုအပ်သောအခန်းကဏ္ဍာများမှ ပံ့ပိုးကူညီဆောင်ရွက်ခြင်း။

 

၅။ အသင်းသားများ မှတ်ပုံတင်ခြင်းနှင့် ဖွဲ့စည်းဆောင်ရွက်ခြင်း

မြန်မာနိုင်ငံဗိသုကာအသင်းသည် ဗိသုကာဘွဲ့ရရှိထားသော ဗိသုကာများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပါသည်။ အသင်းသားများသည် အသင်းသို့ မှတ်ပုံတင်ကြေး၊ နှစ်စဉ်ကြေးများ ပေးသွင်း၍ ဝင်ရောက်နိုင်ပါသည်။ အသင်းမှ အသင်းသားများအတွက် ဗိသုကာပညာရပ်နှင့်သက်ဆိုင်သော ဟောပြောပွဲများ workshopများလစဉ်ကျင်းပပြုလုပ်လျှက်ရှိပါသည်။

ယခုအခါတွင် ဗိသုကာဘွဲ့အပ်နှင်းသင်ကြားလျှက်ရှိသော နည်းပညာတက္ကသိုပ်တို့မှာ အောက်ပါတို့ဖြစ်ပါသည်.

၁။ ရန်ကုန်နည်းပညာတက္ကသိုလ် (YTU)

၂။နည်းပညာတက္ကသိုလ် (သန်လျှင်)

၃။ နည်းပညာတက္ကသိုလ် (မှော်ဘီ)

၄။ အနောက်ပိုင်းနည်းပညာတက္ကသိုလ် (လှိုင်သာယာ)

၅။မန္တလေးနည်းပညာတက္ကသိုလ် ( MTU)

၆။ နည်းပညာတက္ကသိုလ် (မန္တလေး – အိုးဘို)

 

နိုင်ငံခြားမှ ဗိသုကာဘွဲ့ရရှိခဲ့သူ၊ မြန်မာနိုင်ငံသားများသည်လည်း မြန်မာနိုင်ငံဗိသုကာအသင်းတွင် အသင်းသားအဖြစ်မှတ်ပုံတင်နိုင်ပါသည်။

ယခုလက်ရှိတွင် ဗိသုကာ အသင်းသူ/အသင်းသား ၂၂၁၈ ဦး မှတ်ပုံတင်ထားရှိပြီးဖြစ်ပါသည်။
ကျောင်းသား ဗိသုကာ ၁၉၀ဦး မှတ်ပုံတင်ထားရှိပြီးဖြစ်ပါသည်။

၆။ ဗဟိုအလုပ်အမှုဆောင်များနှင့် ဗဟိုကော်မတီဝင်များ

မြန်မာနိုင်ငံဗိသုကာအသင်းတွင် ဗဟိုအလုပ်အမှုဆောင်နှင့် ဗဟိုကော်မတီဝင် တို့ရှိပါသည်။
(၂)နှစ်တစ်ကြိမ် အသင်းသားစုံညီ ညီလာခံပြုလုပ်၍ ဗဟိုအလုပ်အမှုဆောင် မဲပေးရွေးချယ်ခြင်းကို ပြုလုပ်ပါသည်။

ဂုဏ်ထူးဆောင်နာယက  – ၈ဦး
အလုပ်အမှုဆောင်နာယက  – ၈ဦး
ဗဟိုအလုပ်အမှုဆောင်  – ၂၄ဦး
ဗဟိုကော်မတီဝင်  – ၁၄ဦး

၇။ မြန်မာနိုင်ငံဗိသုကာအသင်း ဗဟိုအလုပ်အမှုဆောင်ဖွဲ့စည်းပုံ

၈။ မြန်မာနိုင်ငံဗိသုကာကောင်စီနှင့် ဆက်နွယ်မှု

မြန်မာနိုင်ငံဗိသုကာအသင်းသို့ ဝင်ရောက်ထားသော ဗိသုကာအသင်းသူ/အသင်းသားများအား ဗိသုကာကောင်စီဥပဒေနှင့်အညီ Registered Architect, Licensed Architect, Senior Licensed Architect များဖြစ်ထွန်းပေါ်ပေါက်စေရန် ပညာရပ်ဆိုင်ရာဟောပြောမှုများ၊ ဗိသုကာကျင့်ဝတ်သိက္ခာထိန်းသိမ်းစေရေးများဆောင်ရွက်ပေးလျှက်ရှိပါသည်။

၉။ မြန်မာနိုင်ငံဗိသုကာအသင်းနှင့် နိုင်ငံတကာဆက်နွယ်မှု

မြန်မာနိုင်ငံဗိသုကာအသင်းသည် Architects Regional Council of Asia ( ARCASIA0 အသင်းဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည်။ ARCASIA နိုင်ငံပေါင်း (၂၁) နိုင်ငံရှိ ဗိသုကာအသင်းများဖြင့် ဖွဲ့စည်းထားသောအာဆီယံအသင်းအဖွဲ့အစည်းတစ်ခုဖြစ်ပြီး နှစ်စဉ် ဗိသုကာညီလာခံများ၊ အစည်းအဝေးများ အသင်းဝင် နိုင်ငံများအလိုက် အလှည့်ကျကျင်းပလျှက်ရှိပါသည်။

၁၀။ မြန်မာနိုင်ငံဗိသုကာအသင်း လုပ်ငန်းဆောင်ရွက်ခြင်း

(က) မြန်မာနိုင်ငံဗိသုကာအသင်းသည် လစဉ် ဗိသုကာပညာရပ်တိုးတက်မှုဆိုင်ရာပညာဟောပြောပွဲများ၊ CPD Talk များ၊ Workshop များကျင်းပပြုလုပ်လျှက်ရှိပါသည်။

(ခ) မြန်မာနိုင်ငံဗိသုကာအသင်းသည် ဗိသုကာလက်ရာပြပွဲ၊ ပြည်သူ့အတွက်ဗိသုကယ၊ Architecture for people ခေါင်းစဉ်များဖြင့် ဗိသုကာလက်ရာပြပွဲများ၊ အဆောက်အဦးဒီဇိုင်းလှူဒါန်းပွဲများကို ၂၀၁၂၊ ၂၀၁၈ ခုနှစ်တို့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

(ဂ) မြန်မာနိုင်ငံဗိသုကာအသင်းသည် ဗိသုကာပညာရပ်တိုးတက်မှုများနှင့်ပတ်သက်၍ ဗိသုကာပညာရေး သင်ရိုးညွန်းတမ်းများ ပြုပြင်ရေးဆွဲခြင်းကော်မတီ၊ ကျောင်းပြီး ဗိသုကာများ လုပ်ငန်းခွင်ဝင်မွမ်းမံ သင်တန်းများဖွင့်လှစ်ခြင်းတို့ကို နှစ်စဉ်ပြုလုပ်လျှက်ရှိပါသည်။

(ဃ) မြန်မာနိုင်ငံဗိသုကာအသင်းသည် နိုင်ငံတော်ပရောဂျက်များအတွက် ဒီဇိုင်းပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခြင်း၊ ဗိသုကာဘွဲ့ကြို စာတမ်းများအတွက် ဒီဇိုင်းဆုရွေးချယ်ခြင်း၊ နိုင်ငံတကာဒီဇိုင်းပြိုင်ပွဲများပူးပေါင်းဆောက်ရွက်ခြင်းတို့ကို ပြုလုပ်နေပါသည်။

 

၁၁။ မြန်မာနိုင်ငံဗိသုကာအသင်းမှ ကိုယ်စားလှယ်အဖြစ် ပါဝင်ဆောင်ရွက်နေသောကော်မတီ/အဖွဲ့အစည်းများ

  • မြန်မာနိုင်ငံဗိသုကာကောင်စီ (MAC)
  • အထပ်မြင့်အဆောက်အအုံတည်ဆောက်ရေးစီမံကိန်းများကြီးကြပ်စစ်ဆေးရေးအဖွဲ့ (CQHP)
  • Myanmar Natioanl Building Code (MNBC)
  • ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန
  • မီးသတ်ဦးစီးဌာန
  • ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ
  • မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ
  • ရန်ကုန်မြို့ပြစီမံကိန်း
  • အမျိုးသားမြို့ပြမူဝါဒကော်မတီ ( National Urban Policy Program)
  • အမျိုးသားပြန်ပြည့်မြဲစွမ်းအင်ကော်မတီ
  • ရန်ကုန်ဘူတာကြီးဘက်စုံဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း
  • Bagan Master Plan
  • ရွှေတိဂုံစေတီတော်ကော်မတီ
  • မန္တလေး မဟာမုနိဘုရားကြီး Master Plan
  • ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့